ပေါလု/၏ ရူပါရုံ/နှင့် သူ/၏ ကိုယ်ခန္ဓာ/ထဲ၌ ရှိသော/ဆူး
12
ကြွားဝါခြင်း/သည် အကျိုး/မရှိသော်လည်း ကျွန်ုပ်/ဆက်/၍ ကြွားဝါ/ရမည်။ ယခု/တွင်မူ သခင်ဘုရား/ထံမှ ရူပါရုံ/နှင့် ဗျာဒိတ်တော်/အကြောင်း/ကို ပြောဦးမည်။ 2 လွန်ခဲ့သော/ဆယ့်လေးနှစ်/က တတိယ/ကောင်းကင်ဘုံ/သို့a ချီဆောင်/ခံရသည့် ခရစ်တော်/၏ တပည့်/တစ်ယောက်/ကိုb ကျွန်ုပ်/သိ၏။ သူ/သည် ကိုယ်ခန္ဓာ/ပါလျက် ချီဆောင်/ခံရသလော၊ မပါဘဲ/ချီဆောင်/ခံရသလော ကျွန်ုပ်/မသိ။ ဘုရားသခင်/သာ သိတော်မူ၏။ 3-4 ကျွန်ုပ်/သိသည်/မှာ သူ/သည် ပရဒိသုဘုံ/သို့ ချီဆောင်/ခံရ/၍ လူတို့ မပြောသင့်၊ ပြော/၍/လည်း မရနိုင်သော/စကား/ကို ကြားခဲ့ရကြောင်း/ဖြစ်၏။ သို့သော် သူ/သည် ကိုယ်ခန္ဓာ/ပါလျက် ချီဆောင်/ခံရသလော၊ မပါဘဲ/ချီဆောင်/ခံရသလော ကျွန်ုပ်/မသိ။ ဘုရားသခင်/သာ သိတော်မူ၏။5 ထိုသို့သော/သူ/၏/အကြောင်း/ကို ကျွန်ုပ်/ကြွားဝါမည်။ ကျွန်ုပ်/နှင့်/ပတ်သက်/လျှင်/မူ ကျွန်ုပ်/၏ အားနည်းခြင်း/အကြောင်း/မှလွဲ၍ ကြွားဝါမည်/မဟုတ်။ 6 ကျွန်ုပ်/ကြွားဝါ/လို/လျှင်လည်း အမှန်/ကိုသာ ပြောဆိုမည်/ဖြစ်/သောကြောင့် မိုက်မဲသောသူ/ဖြစ်မည်/မဟုတ်။ သို့သော် မည်သူ/ကမျှ ကျွန်ုပ်/ကို မြင်ရသည်/ထက်၊ သို့မဟုတ် ကျွန်ုပ်/ထံက ကြားရသည်/ထက် ပို၍ အထင်မကြီးမိ/စေရန် ကျွန်ုပ်/မကြွားဝါဘဲ/နေမည်။ 7 ကျွန်ုပ်/ရရှိသည့် ဗျာဒိတ်တော်/မှာ အလွန်/ထူးမြတ်/သောကြောင့် မိမိ/ကိုယ်ကိုယ် အထင်မကြီးမိ/စေရန် ကျွန်ုပ်/၏/ကိုယ်ခန္ဓာ/ထဲ၌ ဆူးတစ်ခုc/ကို ပေးတော်မူ၏။ ထို/ဆူး/မှာ ကျွန်ုပ်/သည် မိမိ/ကိုယ်ကိုယ် အထင်မကြီးမိ/စေရန် ကျွန်ုပ်/ကို ဒုက္ခပေးသည့် စာတန်/၏ တမန်/ဖြစ်၏။
8 ထို/ဆူး/ကို ဖယ်ရှား/ပေးတော်မူ/ရန် သခင်ဘုရား/ထံ သုံးကြိမ်/တိုင်တိုင် ကျွန်ုပ်/အသနားခံခဲ့၏။ 9 သို့သော် ကိုယ်တော်/က “ငါ/ပြုသော/ကျေးဇူး/သည် သင့်/အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့/တန်ခိုး/သည် သင်/အားနည်း/သောအခါ အပြည့်အဝ/ထင်ရှား/သောကြောင့်/ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်/အပေါ် ခရစ်တော်/၏/တန်ခိုး တည်နေ/ရန် ကျွန်ုပ်/သည် ကျွန်ုပ်/၏ အားနည်းချက်/ကို ပို၍ ဝမ်းမြောက်/စွာ ကြွားဝါမည်။ 10 သို့ဖြစ်၍ ခရစ်တော်/အတွက်/ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း/နှင့် ခက်ခဲခြင်းတို့/ကို ကျွန်ုပ်/ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/သည် အားနည်း/သောအခါ ခရစ်တော်/၏/တန်ခိုး/အားဖြင့် အားကြီး/လျက်/ရှိ/သောကြောင့်/ဖြစ်၏။
ကောရိန္သု/အသင်းတော်/အတွက် ပေါလု/စိုးရိမ်ပူပန်ခြင်း
11 သင်တို့/သည် ကျွန်ုပ်/ကို မိုက်မဲသောသူ/ဖြစ်/စေရန် တွန်းပို့/သဖြင့် ကျွန်ုပ်/သည် မိုက်မဲသောသူ/ဖြစ်လာရပြီ။ အမှန်/တွင်မူ သင်တို့/သည် ကျွန်ုပ်/ကို ချီးမွမ်း/သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/သည် သာမညလူ/ဖြစ်/သော်လည်း ထိပ်တန်း/တမန်တော်များ/ထက် အနည်းငယ်/မျှ မညံ့/သောကြောင့် ဖြစ်၏။ 12 ကျွန်ုပ်/တမန်တော်/ဖြစ်ကြောင်း/ကို သင်တို့/နှင့်အတူ/ရှိစဉ် လက္ခဏာများ/နှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်/သည် နိမိတ်/လက္ခဏာများ၊ အံ့ဖွယ်/ဖြစ်ရပ်များ/နှင့် အံ့ဖွယ်တန်ခိုးများ/ဖြင့် သင်တို့/အား စိတ်ရှည်/စွာ ပြခဲ့၏။ 13 ကျွန်ုပ်/အား ငွေကြေး/ထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုး/ကို သင်တို့/အား မပေးခဲ့ခြင်း/မှလွဲ၍ သင်တို့/သည် အခြား/အသင်းတော်များ/ထက် ဂုဏ်ငယ်/စရာ/အကြောင်း/မရှိ။ ဤသို့ မမျှမတ/ပြုခဲ့သည့်/အတွက် ကျွန်ုပ်/ကို ခွင့်လွှတ်ကြပါလော့။
14 ယခု ကျွန်ုပ်/သည် သင်တို့/ထံသို့ တတိယ/အကြိမ် လာ/ရန် အသင့်/ရှိ၏။ သို့သော် သင်တို့/အတွက် ဝန်ထုပ်ဝန်ပိုး/ဖြစ်စေမည်/မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/သည် သင်တို့/၏ ငွေကြေးဥစ္စာ/ကို အလို/ရှိ/၍/မဟုတ်ဘဲ သင်တို့/ကိုသာ အလိုရှိ/သောကြောင့်/ဖြစ်၏။ သားသမီးတို့/သည် မိဘ/အတွက် ငွေကြေးဥစ္စာ/ကို စုဆောင်းရသည်/မဟုတ်။ မိဘတို့/ကသာ သားသမီးတို့/အတွက် စုဆောင်းရ၏။ 15 ထို့ကြောင့် ကျွန်ုပ်/သည် သင်တို့/၏/စိတ်ဝိညာဉ်/အတွက် ကျွန်ုပ်/၌ ရှိသမျှသော/ငွေကြေးဥစ္စာများ/နှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်/သည် သင်တို့/အပေါ် ဤမျှ/မေတ္တာထား/လျှင် ကျွန်ုပ်/အပေါ်/ထားသော သင်တို့/၏/မေတ္တာ/သည် လျော့ပါး/သွားမည်လော။
16 ကျွန်ုပ်/သည် သင်တို့/အတွက် ဝန်ထုပ်ဝန်ပိုး/မဖြစ်ကြောင်း/ကို သင်တို့/ဝန်ခံကြ၏။ သို့သော် သင်တို့/ထဲမှ တချို့/က ကျွန်ုပ်/သည် ဉာဏ်များသောသူ/ဖြစ်/ပြီး သင်တို့/၏/ငွေကြေးဥစ္စာ/ကို လှည့်စား/၍ ရယူခဲ့သည်/ဟု ထင်ကြ/ဆဲ/ဖြစ်၏။ 17 ထိုသို့/ဆို/လျှင် သင်တို့/ထံသို့ ကျွန်ုပ်/စေလွှတ်ခဲ့သောသူ/တစ်စုံတစ်ယောက်/အားဖြင့် သင်တို့/အပေါ် အမြတ်ထုတ်/ခဲ့ဖူးသလော။ 18 ကျွန်ုပ်/သည် တိတု/ကို သင်တို့/ထံ သွား/ရန် တိုက်တွန်း/၍ သူ/နှင့်အတူ အခြား/ညီအစ်ကို/တစ်ယောက်/ကိုလည်း စေလွှတ်ခဲ့၏။ တိတု/သည် သင်တို့/အပေါ် အမြတ်ထုတ်/ခဲ့ဖူးသလော။ ကျွန်ုပ်တို့/သည် စိတ်/သဘောချင်း/တူ/၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်/မဟုတ်လော။
19 ကျွန်ုပ်တို့/သည် မိမိ/ကိုယ်ကိုယ် ကာကွယ်/ပြောဆိုနေကြသည်/ဟု သင်တို့ တစ်ချိန်လုံး/ထင်မှတ်/နေကြသလော။ ကျွန်ုပ်တို့/သည် ခရစ်တော်/ပြောဆို/စေတော်မူလိုသည့်/အတိုင်း ဘုရားသခင် ရှေ့တော်မှောက်/၌ ပြောဆိုကြ၏။ ချစ်ရသော/သူတို့… ကျွန်ုပ်တို့/လုပ်ဆောင်သမျှ အရာရာတိုင်း/သည် သင်တို့/ကို ဆောက်တည်ပေး/နိုင်ရန်/ဖြစ်၏။ 20 ကျွန်ုပ်/ရောက်လာ/သောအခါ သင်တို့/ကို ကျွန်ုပ်/မြင်တွေ့/လိုသည့်/အတိုင်း မဖြစ်/သကဲ့သို့ ကျွန်ုပ်/ကိုလည်း သင်တို့/မြင်တွေ့/လိုသည့်/အတိုင်း မဖြစ်မည်/ကို ကျွန်ုပ်/စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း/စသည်တို့/ရှိမည်/ကို စိုးရိမ်၏။ 21 နောက်/တစ်ကြိမ် ကျွန်ုပ်/ရောက်လာ/သောအခါ ဘုရားသခင်/သည် သင်တို့/ရှေ့/၌ ကျွန်ုပ်/ကို နှိမ့်ချ/တော်မူ/၍ ယခင်/က ကျူးလွန်ခဲ့သည့် စက်ဆုပ်/ညစ်ညမ်းခြင်း၊ တရား/နှင့်/မညီသော မေထုန်/ကို/ပြုခြင်း၊ ကာမဂုဏ်/လိုက်စားခြင်းတို့/ကို ယခု/တိုင်အောင် ကျူးလွန်/လျက် နောင်တ/မရသေးသောသူ/များစွာ/အတွက်/ကြောင့် ကျွန်ုပ်/ဝမ်းနည်း/ရမည်/ကို/လည်း စိုးရိမ်၏။